Feeds:
Posts
Comments

မနေ့က ကျနော်မရောက်ခင် ဖုန်းအရင်ကြိုဆက်ဖြစ်တယ်။

ဒါပေမယ့် သူနဲ့မတွေ့ဘူးဗျ။ အဆောင်မှာရောက်တော့ သူ့

မောင်လေလာခေါ်သွားလို့တဲ့။ ဒါနဲ့ ကျနော်လည်း သူ့ကို

စောင့်ရင်း ကျနော်နေခဲ့တဲ့ အဆောင်မူးဆီ သွားလည်နေ

လိုက်တယ်။ ၄ နာရီခွဲလောက် ပြန်သွားတော့ နောက်ထပ်

တစ်ခေါက်ပြန်ထွက်သွားတယ် ..တဲ့၊ ဒါကြောင့် မရောက်

တာကြာပြီဖြစ်တဲ့ ဦးပိန်တံတားဘက်ဆီ ရောက်သွားခဲ့

တယ်။ သူနဲ့တော့ မတွေ့ပါဘူး။ ဒါနဲ့ပဲ ပြန်လာခဲ့တယ်။

မနေ့က မသင်ဖြစ်ဘူးပေါ့ဗျာ။

ပို့အသစ်တွေတင်ချင်ပေမယ့် မတင်ဖြစ်ဘူးဗျာ။ နယ်မှာပဲ နေနေရတယ်ဆိုတော့။

ဒီဇင်ဘာလ ၂၉ ရက်နေ့က ဒီမန်းလေးကို ဆိုင်ကယ်သက်တမ်းတိုးရောက်ခဲ့တာ။

အမြဲမရေးနိုင်ပေမယ့် ရောက်တဲ့အခါလေးတွေတော့ ရေးနိုင်တာပေါ့နော်။

ရောက်ခဲ့တဲ့ အမှတ်တရလေးတွေပေါ့။

မနေ့က ဒီဇင်ဘာလ ၃၀ ရက်နေ့ပေါ့။ ကျနော်တို့ နယ်က ညီမလေး တစ်ယောက်

ကို အင်တာနက်စပြီး သင်ပေးဖြစ်တယ်။ သူက ရတာနာပုံမှာ တတိယနှစ် ဥပဒေ

မေဂျာတက်နေတာလေ။ သင်ပေးဖြစ်တဲ့ အကြောင်းရင်းကတော့ သူ့ကို သိစေ၊

တတ်စေချင်တဲ့ စေတနာပါပဲ။ ပညာ ဒါနပေါ့။ 🙂

ဒီနေ့တော့ ဘယ်မှာ သင်ဖြစ်မလဲတော့ မသိသေးဘူး။ မနေ့က သင်ပေးဖြစ်တဲ့

မန်းထိတ်တင် အဆောင်ထဲက အင်တာနက်ဆိုင်က ဈေးကြီးတယ်။ တစ်နာရီ

ကို ၆၀၀ ။ ဒီမန်းလေးက ၃၀၀ ရာပဲရှိတာ။ ဒီမြို့ထဲက connection လည်း

ကောင်းတယ်။ မြို့ထဲမှာ သင်ဖြစ်ရင်တော့ ပိုကောင်းမယ်။

ကျနော် ဘလော့ မှာ   ပို့အသစ်တွေ မရေးဖြစ်၊   မတင်ဖြစ်တာ

ကြာပြီနော်။ ကျနော့်ရဲ့ ဇာတိမြေကို ပြန်သွားပြီး နယ်ကထွက်တဲ့ ပဲ၊

နှမ်း ကုန်မျိုးစုံကို ၀ယ်၊ ဒီမန်းလေးကို လာရောင်းနဲ့ ကုန်သည်လုပ်နေခဲ့တာ

… တစ်နှစ်လောက်တော့ရှိသွားပြီဗျ။ အခု ဘလော့လေးတွေ လိုက်ဖတ်ရင်း

ပြန်ရေးချင်လာတယ်ဗျ။ သူငယ်ချင်းတွေပို့ပေးတဲ့ မေးလေးတွေထဲက

မှတ်သားစရာ၊ ဗဟုသုတတိုးပွားနိုင်စရာ လေးတွေဆို ဒီကျနော့်ဘလော့လေး

ကနေ ကျနော်တတ်နိုင်သလောက် မျှဝေပေးချင်တယ်။

တွေ့သူတွေ၊ ဖတ်ချင်တဲ့သူတွေ ဖတ်ကြပေါ့ဗျာ။

အခမဲ့

သူ့အိမ်မှာ စားသောက်ဆိုင်ဖွင့်ထားတယ်။ တစ်ခါတလေ ကျောင်းအား

ရက်မှာ အမေ့ကို သူကူရတယ်။ ဧည့်ကြို၊ ဧည့်ပို့၊ စားပွဲသိမ်း၊ ပြေစာရှင်း

တာက အစ သူဝင်လုပ်ရတယ်။ ကြာတော့ စီးပွားရေးသမား တစ်ယောက်

လို သူအတွက်အချက် တော်လာခဲ့တယ်။

ဒီလိုနဲ့ တစ်နေ့မှာ ဆိုင်မှာဝင်ကူရင်း ကိုယ့်လုပ်အားခအတွက် စိတ်ကူးရလို့

ပြေစာရေးပြီး အမေ့ကို သူပေးလိုက်တယ်။ ပြေစာပေါ်မှာက …..

၁) ပန်းကန်ဆေးခ ၅ဝဝကျပ်
၂) တံမြက်စည်းလှဲခ ၂ဝဝကျပ်
၃) အပြင်ထမင်းပို့ဆောင်ခ ၃ဝဝကျပ်
၎) ဈေးဝယ်ထွက်ခ ၁ဝဝကျပ်
၅) မခိုမကပ်တဲ့ ကျွန်တော့်အတွက် အပိုဆုငွေ ၁ဝဝကျပ်

စုစုပေါင်း ကျပ် ၁၂ဝဝ။ ပြေစာကို အမေကြည့်ပြီး ဘာမှမပြောခဲ့ဘူး။

ညရောက်တော့ သူ့ခေါင်းအုံးဘေးမှာ ငွေကျပ်၁၂ဝဝ ကို တွေ့လိုက်တယ်။ အား

ရဝမ်းသာ ပိုက်ဆံကိုယူပြီး အိတ်ထဲထည့်မယ်အလုပ် ခေါင်းအုံးဘေး

မှာ ပြေစာတစ်စောင် ရှိနေတာကို သူတွေ့လိုက်တယ်။ ပြေစာကို ယူကြည့်တော့

အမေ့အပေါ် ကျန်ရှိသော အကြွေးများ…

၁) အမေ့အိမ်တွင် ၁ဝနှစ်ကျော် အပူအပင်မရှိ နေထိုင်ခ ဝကျပ်
၂) နေထိုင်သော ၁ဝနှစ်အတွင်း စားဝတ်နေရေးခ ဝကျပ်
၃) ကျောင်းတက်ခ၊ စာအုပ်ဖိုး ဝကျပ်
၎) ဖျားနာစဉ် ဆေးကုခ၊ စောင့်ရှောက်ခ ဝကျပ်
၅) မေတ္တာကြီးမားသော မိခင်တစ်ဦးအတွက် အပိုဆု ဝကျပ်

ပြေစာကိုကြည့်ပြီး သူရှက်ရွံ့သွားမိတယ်။ ဝမ်းနည်းစိတ်မကောင်းစွာနဲ့ အမေ့

အနားသွားပြီး အမေ့ရင်ခွင်ထဲ သူတိုးဝင်လိုက်မိတယ်။ ကျပ် ၁၂ဝဝကို အမေ့

အိတ်ကပ်ထဲ ဂရုတစိုက် သူပြန်ထည့်လိုက်တယ်။ သူ့ကျောကို ပွတ်သပ်ပြီး အ

မေက ပြုံးနေခဲ့တယ်။

ဝက်ဆိုက်ဒ်တစ်ခုမှ ဖတ်ရတဲ့ စာတစ်ပုဒ်ပါ။ ဒီစာထဲကအတိုင်းပဲ “အဆို

တော် နွဲ့ယဉ်ဝင်း” က သီချင်းအဖြစ်နဲ့ ဆိုခဲ့ဖူးပါတယ်။ သီချင်းရှိခဲ့ရင် ပို့ပေး

ကြပါအုန်းလို့.. ကျေးဇူးးး ကမ္ဘာပေါ်မှာ ရှိရှိသမျှ အမေတွေအားလုံး နေ

ကောင်းကျန်းမာဖို့ ဆုတောင်းလိုက်ပါတယ်။

မှတ်ချက်။ ။ကျွန်တော့် ချစ်သူငယ်ချင်းတစ်ယောက်က ပို့လိုက်တဲ့ စာလေးပါ။

Cheapest Bike

cheapest-biketsm2

ဈေးအသက်သာဆုံး ဆိုင်ကယ်လေး။ သူငယ်ချင်းတစ်ယောက်က

ပို့လိုက်တာ။ စိတ်ဝင်စားတာ၊ သဘောကျတာနဲ့ တင်လိုက်တာ။ သင်

ရော မစီးကြညိ့ချင်ဘူးလား။

 

ကြွက်ဟာ အက်ကွဲနေတဲ့ အုတ်နံရံ ကြားကနေ လယ်သမား လင်မယား၊

အထုပ်တစ်ထုပ်ဖြေနေတာကို စိတ်ဝင်တစား ကြည့်နေလေရဲ့။ အထဲမှာ

ဘာမုန့်များပါလေမလဲလို့စိတ်ထဲက မျှော်တလင့်လင့်နဲ့ ကြည့်နေတယ်။

ဒါပေမယ့်သူစိတ်ပျက်စွာမြင်တွေ့လိုက်ရတာက ကြွက်ထောင်ချောက်

တစ်ခု။ လယ်သမားကြီးဟာ အိမ်ထဲက တစ်နေရာမှာ သွားချထား

လိုက်တယ်။ အဲဒါကို မြင်လိုက်တဲ့ကြွက်ဟာအားရပါးရ အော်ပြီး

လယ်ကွင်းထဲပြေးထွက်သွားတယ်။ အားလုံးကို သိစေချင်လို့

အသိပေးတဲ့ သဘောပေါ့။ အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့၊

အိမ်ထဲမှာ ကြွက်ထောင်ချောက် တစ်ခု ရှိတယ်ဗျို့။ မြေကြီးကို ခြေထောက်နဲ့

ယက်ပြီး အစာရှာနေတဲ့ ကြက်ဖကြီးက ခေါင်းမော်ကြည့်ပြီး စိတ်ပျက်တဲ့

လေသံနဲ့ပြောလိုက်တယ်။ အော် … ကိုကြွက်ရယ်၊ မင်းအတွက်တော့

သေတွင်းပဲလို့ ငါပြောလို့ရပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့

အလကားပါ။ ဘာမှ မဟုတ်တဲ့ကိစ္စနဲ့ငါ့ ခေါင်းလာမရှုပ်နဲ့ကွာ။ကြွက်က

ဝက်ဘက်ကို လှည့်ပြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရှိတယ်ဗျလို့

ပြောလိုက်တယ်။ ၀က်က ကရုဏာသက်တဲ့ မျက်နှာပေးနဲ့ ကြည့်ပြီး

ပြောလိုက်တာက အတော်လေးကို စိတ်မကောင်းပါဘူးဗျာ။ ကယ်တော့

ကျနော်အနေနဲ့ခင်ဗျားကို ဆုတောင်းပေရုံက လွဲလို့ ဘာမှမလုပ်ပေးနိုင်

ပါဘူး။သေချာတာတစ်ခုက ခင်ဗျားအတွက် ကျနော် အမြဲဆုတောင်းပေး

နေပါတယ်။ကြွက်က နွားဘက် လှည့်ပြီး အိမ်ထဲမှာ ကြွက်ထောင်ချောက်

ရှိတဲ့ အကြောင်း ထပ်ပြောလိုက်တယ်။ နွားက ၀ိုး … ၀မ်းနည်းပါတယ်ဗျာ။

ဒါပေမယ့် ကျနော့်နှာခေါင်းကိုတော့ ညှပ်စရာ အကြောင်း မရှိဘူးလေ ..

လို့ ပြန်ပြောလိုက်တယ်။ ဒီလိုနဲ့ ကြွက်ဟာ စိတ်ပျက်အားငယ်စွာနဲ့ ခေါင်းငိုက်

စိုက်ပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့တယ်။ အော် … လယ်သမားကြီးရဲ့

ကြွက်ထောင် ချောက်ကို ငါတစ်ကောင်တည်း ရင်ဆိုင်ရတော့မှာ ပါလား။

တစ်ညတော့ “ဗြောင်း” ဆိုတဲ့ အသံက အိမ်ထဲမှာ အတော်လေး ညံသွားတယ်။

အကောင်တစ်ကောင်ကောင်ကို ညှပ်မိလို့ ကြွက်ထောင်ချောက်က မြည်တဲ့

အသံလိုပဲ။ လယ်သမားရဲ့ မိန်းမက ဘာအကောင်များ မိသလဲလို့ သိချင်ဇောနဲ့

ကြွက်ထောင်ချောက် ရှိတဲ့ဆီ အတင်းကို ပြေးသွားတယ်။ အမှောင်ထဲမှာ ဆိုတော့

အမြီး ညပ်လို့ ဒေါသ တချောင်းချောင်း ထွက်နေတဲ့ မြွေကို မမြင်လိုက်မိဘူး။

အဲဒီတော့ အမျိုးသမီးရဲ့ ခြေထောက်ကို မြွေပေါက်ခံလိုက်ရတော့တယ်။

ဆေးကုသဖို့အတွက် လယ်သမားကြီးဟာ သူ့မိန်းမကို ဆေးရုံ အမြန်ပို့လိုက်

ရတယ်။ အိမ်ပြန်ရောက်တော့ မြွေဆိပ်ကြောင့် အမျိုးသမီးကြီး အဖျားတွေ

တက်နေတယ်။အဖျားတက်နေတဲ့ လူနာကို အားရှိသွားအောင် လတ်ဆတ်တဲ့

ကြက်စွတ်ပြုပ်လုပ်တိုက်ရတယ် ဆိုတာ လူတိုင်း သိနှင့်ပြီးသားပါ။ ဒါနဲ့ လယ်သ

မားကြီးဟာကြက်စွတ်ပြုပ် လုပ်ဖို့ လယ်ကွင်းထဲကို ဓါးတစ်ချောင်းနဲ့

ဆင်းသွားလေရဲ့။ ဒါပေမယ့် အမျိုးသမီးကြီးရဲ့ ကိုယ်ပူရှိန်ဟာ မကျဘဲ တက်မြဲ

တက်နေလေရဲ့။ အိမ်နီးနားချင်းတွေ၊ သူငယ်ချင်းတွေက လူနာလာမေးရင်း

နေကောင်းစေဖို့ နည်းလမ်းကောင်းတွေ လာပြီး ဆွေးနွေးပေးကြတယ်။

တနေကုန်ပဲ ဆိုပါတော့။ သူတို့တွေကို ကျွေးဖို့ မွေးဖို့ ၀က်သားကို

ဖော်ရတော့တယ်။

နောက်ဆုံးတော့ အမျိုးသမီးကြီး ဘယ်လိုမှ မသက်သာနိုင်ဘဲ
ကွယ်လွန်သွားရှာတယ်။ နာရေးမှာ လူအတော်များများ အသုဘရှု လာ

ကြတယ်။လာသမျှလူတွေကို ဧည့်ခံဖို့ လယ်သမားကြီး ခမျာ လောက်ငှအောင်

အမဲသားဟင်းကို စီစဉ်ရတော့တယ်။

ကိုကြွက်ကတော့ ဖြစ်သမျှ အားလုံးကို အက်ကွဲနေတဲ့ အုတ်နံရံကြားကနေ

စိတ်သောကကြီးစွာနဲ့ပဲ ကြည့်နေမိတော့တယ်။

…………………………………………………………………..

နောင်တစ်ချိန် လူတစ်ဦးတစ်ယောက်က ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့အခါ

ငါနဲ့မဆိုင်ပါဘူးလို့ တွေးလိုက်မိရင် … သတိရပါ။ ကျနော်တို့ထဲက

တစ်ယောက်ယောက်ဟာ ခြိမ်းခြောက် ခံနေရပြီ ဆိုရင် အဲဒီ အန္တရာယ်ဟာ

ကျနော်တို့အားလုံးအပေါ် ကျရောက်လာတာပဲ။ တခြားသူတွေ အပေါ်မှာ

မျက်စိဒေါက်ထောက်ပြီးဂရုတစိုက် ရှိသင့်သလို တစ်ယောက်ကို တစ်ယောက်

လည်းအားပေးပြီး အစွမ်းကုန်ကူညီတတ်ဖို့ လိုပါတယ်။ ကျနော်တို့

အားလုံးဟာ ဘ၀လို့ ခေါ်တဲ့ ခရီးစဉ်ထဲက

တစ်ဖောင်တည်းစီး ခရီးသွားဖော်ချင်း အတူတူပါ။

ဒါကတော့ တောင်အာဖရိက ကနိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်

တူးတူးရဲ့စကားပါ။ ရှေ့ကပုံပြင်နဲ့မတူပေမယ့် မဆိုင်သလိုနေတဲ့သူ

တွေအတွက် ဥပမာပေးရာမှာတော့ နီးစပ်မှုရှိပါတယ်။

“မတရားမှုတခုမှာ သင်ဟာ ကြားနေတယ်ဆိုရင် … သင်ဟာ ဖိနှိပ်သူဘက်က

လိုက်ဖို့ရွေးချယ်လိုက်တာနဲ့ အတူတူဘဲ”

Life!

ဘ၀ဆိုတာ…

Life is an opportunity, benefit from it.
ဘ၀ဆိုတာ အခွင့်အရေး… အကျိုးရှိအောင်လုပ်ပါ…
Life is a beauty, admire it.
ဘ၀ဆိုတာ အလှတရား… လေးစားပါ…
Life is a dream, realize it.
ဘ၀ဆိုတာ အိမ်မက်…. လက်တွေ့အကောင်အထည်ဖေါ်ပါ..
Life is a challenge meet it.
ဘ၀ဆိုတာ စိန်ခေါ်မှူ… ရင်ဆိုင်ပါ…
Life is a duty, complete it.
ဘ၀ဆိုတာ တာဝန်… ပြီးမြောက်အောင်လုပ်ပါ…
Life is a game, play it.
ဘ၀ဆိုတာ ကစားပွဲ… ကစားပါ…
Life is a promise fulfill it.
ဘ၀ဆိုတာ ဂတိ… ဖြည့်ဆည်းပါ…
Life is sorrow, overcome it.
ဘ၀ဆိုတာ ၀မ်းနည်းမှု… ကျော်လွှားပါ…
Life is a song, sing it.
ဘ၀ဆိုတာ သီချင်း… သီဆိုလိုက်ပါ….
Life is a struggle, accept it.
ဘ၀ဆိုတာ ရုန်းကန်မှု… လက်ခံပါ….
Life is a tragedy confront it.
ဘ၀ဆိုတာ အလွမ်းဇတ်လမ်း… ရင်ဆိုင်လိုက်ပါ…
Life is an adventure, dare it.
ဘ၀ဆိုတာ စွန့်စားခန်း… ရဲရင့်လိုက်ပါ…
Life is luck, make it.
ဘ၀ဆိုတာ ကံကောင်းမူ… ဖြစ်အောင်လုပ်ပါ…
Life is life, fight for it.”
ဘ၀ဆိုတာ ဘ၀… ယှဉ်ပြိုင်တိုက်ခိုက်ပါ…